thumbnail image

PANDITA DEVELOPMENT INSTITUTE

  • Home
  • Who We Are
  • What We Do
  • Get Involved
  • …  
    • Home
    • Who We Are
    • What We Do
    • Get Involved

PANDITA DEVELOPMENT INSTITUTE

  • Home
  • Who We Are
  • What We Do
  • Get Involved
  • …  
    • Home
    • Who We Are
    • What We Do
    • Get Involved
  • INTERVIEW REQUEST

    Effective and Best Supports for Local Organisations in Myanmar for Now, and in the Future (Policy Advocacy and Research Organisations)

  • Thanks for your willingness to take part in our research.

    ဤသုတေသနတွင် လိုလားစွာပါဝင်သည့်အတွက် လူကြီးမင်းကို ကျေးဇူးတင်ပါသည်။

    Purpose of the Study

    The research examines changes in the trajectory of the funding landscape for policy advocacy and research organisations in Myanmar and explore how international assistance can effectively support those local organisations to prepare for the future. This interview is conducted to understand how those organisations envisage the future and how they influence and communicate their international donors and partners.

     

    The interview focuses on the time before and after the coup in February 2021.

    သုတေသနရည်ရွယ်ချက်

    ဤသုတေသနတွင် မူဝါဒရေးရာတိုက်တွန်းအကြံပြုမှု အဖွဲ့အစည်းများနှင့် သုတေသန အဖွဲ့အစည်းများအတွက် ရန်ပုံငွေ ရရှိနိုင်မှုအခင်းအကျင်း၏ အပြောင်းအလဲများကို စိစစ်ဖော်ထုတ်ပြီး၊ လက်ရှိနှင့် နောင်အနာဂတ်တွင် နိုင်ငံတကာ ကူညီပံ့ပိုးမှုများ ထိရောက်မှုအရှိဆုံးဖြစ်အောင် မည်သို့လုပ်ဆောင်ရမည်ကို ဆန်းစစ်ရှာဖွေရန် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဖွဲ့အစည်း အသီးသီး၏ အနာဂတ်ကို ကိုယ်စီရှုမြင်ပုံ၊ နိုင်ငံတကာ အလှူရှင်နှင့် မိတ်ဖက်အဖွဲ့အစည်းများကို ဩဇာလွှမ်းမိုးပုံနှင့် အပြန်အလှန်် ဆက်သွယ်ထိတွေ့ပုံများကို နားလည်နိုင်ရန်အတွက် ဤတွေ့ဆုံမေးမြန်းမှုကို ပြုလုပ်ရခြင်း ဖြစ်ပါသည်။

     

    တွေ့ဆုံမေးမြန်းမှုပါ အကြောင်းအရာများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုမတိုင်မီနှင့် ယင်းနောက်ပိုင်းအချိန်တို့နှင့် အဓိကစပ်ဆိုင်ပါသည်။

  • How do I participate in the research?

    The research is divided into in-depth interviews and focal group discussion. We can arrange online meetings for in-depth interview about 60 minutes of your available time. For the focal group discussion which will be organised later, it is optional for you to join in 60-120 minutes session with other research participants. We will also organise a brief data validation workshop before finalising the research report. Using this option would be of great added value for the study. We are extremely thankful for your input.

     

    Since Pandita puts special consideration of your organisation’s and your security, you can choose a pseudonym (fake name) and can turn off your camera in online meetings. We will keep all your information in a secure cloud server and will completely erase after finalising the research report.

    သုတေသနမှာ ဘယ်လိုပါဝင်ရမလဲ

    ဤသုတေသနတွင် တစ်ဦးချင်းတွေ့ဆုံမေးမြန်းမှုများနှင့် အစုအဖွဲ့လိုက်ဆွေးနွေးမှုများ ပါဝင်ပါသည်။ လူကြီးမင်း အားလပ်သည့်အချိန် မိနစ် ၆၀ ခန့် အွန်လိုင်းတွေ့ဆုံမှုတစ်ခုကို ပဏ္ဍိတမှ စီစဉ်ပေးပါမည်။ နောက်ပိုင်းတွင် သုတေသန၌ပါဝင်သည့် အခြားသူများနှင့်အတူ မိနစ် ၆၀ မှ ၁၂၀ ခန့်အထိ ကြာမြင့်မည့် အစုအဖွဲ့လိုက် ဆွေးနွေးမှုများကိုလည်း ဆန္ဒရှိလျှင် ပါဝင်တက်ရောက်နိုင်ပါသည်။ ထို့ပြင် သုတေသနစာတမ်းအပြီးသတ်ခါနီးတွင် အချက်အလက်အတည်ပြုစိစစ်မှု အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို အကျဉ်းရုံးဆောင်ရွက်ပါမည်။ ထိုအစီအစဉ်များတွင် ပါဝင်ရန်ဆန္ဒရှိပါက ဤသုတေသနကို ပို၍ပင်တန်ဖိုးမြှင့်တင်ပေးနိုင်ပါသည်။ လူကြီးမင်း၏ အားစိုက်ထည့်ဝင်မှုများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

     

    လူကြီးမင်းနှင့် အဖွဲ့အစည်း၏ လုံခြုံမှုကို ပထမဦးစားပေးအလေးထားသည့်အနေဖြင့် တွေ့ဆုံမေးမြန်းမှုတွင် လူကြီးမင်း၏ အမည်ကို အမည်ဝှက်ဖြင့် အသုံးပြုနိုင်ပြီး ကင်မရာကိုလည်း ပိတ်ထားနိုင်ပါသည်။ လူကြီးမင်း၏ အချက်အလက်များ အားလုံးကို ပဏ္ဍိတဖွံ့ဖြိုးရေးအင်တီကျုက အထူးလျို့ဝှက်ထိန်းသိမ်းထားမည်ဖြစ်ပြီး ဤသုတေသနအပြီးသတ်အစီရင်ခံစာ ရေးသားပြီးချိန်၌ အဆိုပါမှတ်တမ်းများကို စနစ်တကျ ဖျက်သိမ်းဖယ်ရှားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

    What will happen to the results of the research project?

    The study will be published in September 2022 and distributed for consistent advocacy to international organisations and donor communities which are working with local policy advocacy and research organisations.

    သုတေသနရလဒ်ကို ဘာလုပ်ဖို့ရှိလဲ

    သုတေသန တွေ့ရှိချက်ကို အစီရင်ခံစာတစ်ခု ရေးသားပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ထုတ်ဝေကာ ပြည်တွင်း မူဝါဒရေးရာ တိုက်တွန်းအကြံပြုအဖွဲ့အစည်းများ၊ သုတေသနအဖွဲ့အစည်းများနှင့် လုပ်ကိုင်‌ဆောင်ရွက်နေသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အလှူရှင်အသိုင်းအဝိုင်းများသို့ ဖြန့်ချိကာ တစ်စိုက်မတ်မတ် တိုက်တွန်းအကြံပြုသွားမည် ဖြစ်ပါသည်။

    What are the possible benefits of taking part?

    You will be contributing to building the evidence base enhancing understanding of change in the trajectory of funding landscape in postcoup to makes effective international assistance for local policy advocacy and research organisations.

    သုတေသနမှာ ပါဝင်ခြင်းကြောင့် ဘယ်လိုအကျိုးရှိမလဲ

    အာဏာသိမ်းယူမှုနောက်ပိုင်း ရန်ပုံငွေရရှိနိုင်မှုအခင်းအကျင်း၏ အပြောင်းအလဲများကို အထောက်အထားအခြေခံမှုဖြင့် ပိုမိုသိမြင်နားလည်နိုင်ရေးအတွက် ပါဝင်အားဖြည့်ရာရောက်ပြီး ပြည်တွင်း မူဝါဒရေးရာ တိုက်တွန်းအကြံပြု အဖွဲ့အစည်းများ၊ သုတေသနအဖွဲ့အစည်းများအတွက် ထိရောက်သည့် နိုင်ငံတကာကူညီပံ့ပိုးမှုများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ပါသည်။

  • Sorry, we are in the next phase of the research.

    သုတေသန၏ နောက်တစ်ဆင့်ကို ဆက်လုပ်ဆောင်နေပြီဖြစ်ပါ၍ အားတောင့်အားနာ ဖြစ်ရပါသည်။

    We never feel enough to learn more from you. However, we are moving to another phase due to the limited timeframe.

     

    လူကြီးမင်းထံမှ လေ့လာမှတ်သားရန် အမြဲလိုလားဆန္ဒရှိပါသော်လည်း အချိန်အကန့်အသတ်ရှိသောကြောင့် သုတေသန၏ နောက်ထပ်အဆင့်များကို ဆက်လုပ်ဆောင်နေရပါကြောင်း အသိပေးအပ်ပါသည်။

  • Sign-up for Interview Here

    Please submit your information in the form below, and we will get back to you.

Pandita Development Institute (Pandita) is a non-profit and mission-based organisation to strengthen civic participation to build a just and democratic society in Myanmar.

    Cookie Use
    We use cookies to ensure a smooth browsing experience. By continuing we assume you accept the use of cookies.
    Learn More